မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ တိုင်းဒေသကြီး/ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းများ ၌ ၂၀၁၈-၂၀၂၀ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့များအား ရွေးကောက်တင်မြှောက် ဖွဲ့စည်းရန် အောက်ပါအစီအစဉ်များအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
 

 

ရွေးကောက်ပွဲပြုလုပ်မည့်ရက်များ
 
  • ဧရာဝတီတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း  ၁၅.၁၁.၂၀၁၈ (ကြာသပတေးနေ့)
  • ပဲခူးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း  ၁၆.၁၁.၂၀၁၈ (သောကြာနေ့)
  • မွန်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း  ၁၇.၁၁.၂၀၁၈ (စနေနေ့)
  • ကရင်ပြည်နယ်ကွန်ပျူတာပညာရှင်အသင်း  ၁၇.၁၁.၂၀၁၈ (စနေနေ့)
  • မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း  ၈.၁၂.၂၀၁၈ (စနေနေ့)
  • မကွေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း  ၈.၁၂.၂၀၁၈ (စနေနေ့)
  • စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း  ၉.၁၂.၂၀၁၈ (တနင်္ဂနွေနေ့)
  • ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း  ၁၄.၁၂.၂၀၁၈ (သောကြာနေ့)
 
အောက်ပါအချက်အလက်နှင့် ပြည့်စုံသော အသင်းသားများသည် တိုင်းဒေသကြီး/ ပြည်နယ် ကွန်ပျူတာပညာရှင်အသင်း ရွေးကောက်ပွဲများအတွက် အောက်ပါ Page မှတဆင့် ဝင်ရောက်မဲပေး (Register) ပြုလုပ်နိုင်ပါသည်။ အချက်အလက်နှင့်ပြည့်စုံသော မဲပေးနိုင်သည့် အသင်းသားများကို မဲပေး နိုင်သည့် နေ့ရက်/အချိန်တို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ အကြောင်းပြန်ကြားပေးမည်ဖြစ်သည်။
 
မဲပေးလိုသူ အသင်းသား၏ စည်းကမ်းချက်များ
 
အသင်းသားများသည် အောက်ပါစည်းကမ်းချက်များနှင့် ပြည့်စုံပါက မဲပေးသူအဖြစ် မှတ်ပုံတင် နိုင်သည်။
 
(က) အသင်းသားသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တွင် နေထိုင်သူ ဖြစ်ရမည်။
(ခ) အသင်းဝင်ကြေး၊ နှစ်စဉ်ကြေး ကြွေးကျန် ကင်းရှင်းပြီးသူ ဖြစ်ရမည်။
(ဂ) မဲပေးသူ၏မှတ်ပုံတင်လွှာတွင် ပြည့်စုံစွာ ဖြည့်စွက်ရမည်။
(ဃ) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကွန်ပျူတာပညာရှင်အသင်းမှ သတ်မှတ်ထားသော နောက်ဆုံးရက် အချိန်မတိုင်မီ မှတ်ပုံတင်လွှာ ပေးပို့ရမည်။
 
မဲပေးခွင့်ရှိသောအသင်းသားများ
 
(က) မဲပေးလိုသော အသင်းသား၏ လျှောက်ထားလာသော မှတ်ပုံတင်လွှာပါ အချက်အလက် များကို မှန်ကန် ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးရမည်။
(ခ) အချက်အလက်များနှင့် ကိုက်ညီသည့် မဲပေးလိုသောအသင်းသားများကို သက်ဆိုင်ရာ အသင်းရုံးများမှ မဲပေးခွင့်ရှိသော အသင်းသားများအဖြစ် email ဖြင့် အကြောင်းပြန်ကြား ပေးမည် ဖြစ်ပါသည်။
(ဂ) မဲပေးခွင့်ရှိကြောင်း အကြောင်းပြန်စာ လက်ခံရရှိသောသူများသာ ကိုယ်တိုင် မဲပေးခွင့် ရှိသည်။