မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း နှင့် NIIT တို့ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်မည်

NIIT ဆိုသည်မှာ

NIIT ကမ္ဘာ့အကျော်ကြားဆုံးသော IT Educational Provider များအနက်မှ အကောင်းဆုံးတစ်ခုဖြစ်ပြီး ကမ္ဘာ့အသိအမှတ်ပြု IT Certification Diploma နှင့် Higher Diploma Courses များကို တနေရာတည်းတွင် ကျွမ်းကျင်စွာ တတ်မြောက်ရန် တာဝန်ယူသင်ကြားပေးနိုင်သော နိုင်ငံတကာရှိ ကျောင်းသား/သူများအားထားရသော IT Training Center ကြီးဖြစ်ပါသည်။

NIIT သည် ကမ္ဘာအဝှမ်းနိုင်ငံပေါင်း(၄၀)ကျော်တွင် ကျောင်းခွဲများတည်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းပေါင်း များစွာ၏ ဂုဏ်ပြုမှတ်တမ်းများ ဆုတံဆိပ်များ ပေးအပ်ခြင်းခံရပြီး လုပ်ငန်းခွင်အတွက် အရေးပါသော အရည်အချင်းပြည့်မှီသော IT ပညာရှင်များကို မွေးထုတ်ပေးနေသော Global Talent Development Corporation ကြီးဖြစ်ပါသည်။

ရည်ရွယ်ချက်

IT နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူများအတွက် ကုန်ကျစရိတ်များစွာဖြင့် နိုင်ငံရပ်ခြားအထိ သွားရောက်ရန် မလိုအပ်တော့ပဲ NIIT(Myanmar)တွင် နိုင်ငံတကာ အသိအမှတ်ပြုသင်ရိုးညွှန်းတမ်းများဖြင့် စနစ်တကျသင်ကြားနိုင်ပြီး သင်တန်းပြီးဆုံးပါက NIIT မှတိုက်ရိုက်ပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု IT ဆိုင်ရာ Professional Certificate, Diploma & Higher Diploma လက်မှတ်များ ရရှိနိုင်မည်ဖြစ်သည်။

NIIT(Myanmar)မှ သင်တန်းပြီးဆုံးပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိပါက ပြည်တွင်းပြည်ပ IT Company များတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သော IT ပညာရှင်များအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်စေပြီး IT နည်းပညာရပ်များအတွက် ကောင်းမွန်ပြည့်စုံသော IT ပညာရှင်အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်ပါသည်။

NIIT ကို အဘယ်ကြောင့်ရွေးချယ်သင့်ကြောင်း

    NIIT သည်1981 ခုနှစ်မှစတင်ခဲ့ပြီး Europe, USA, China, India, Bhutan, South Africa နှင့်Middle East အတွင်းရှိမြောက်များစွာသော Government နှင့် Industry & Universities များ ၏နည်းပညာ လိုအပ်ချက်များကိုထောက်ပံ့ပေးလျှက်ရှိသော အဖွဲ့အစည်းကြီးဖြစ်ခြင်း။
    “Top 20 Training Outsourcing Companies” အဖြစ် Training Industry, Inc မှသတ်မှတ်ထား ပြီး India ICT Journal Dataquest မှ “Top Training Company” အဖြစ် ရေးသားဖော်ပြရုံသာမက World Education Summit 2014 တွင် “Best Vocational Education & Skill Development” အဖြစ်ပါ သတ်မှတ်ခြင်းခံရသော အဖွဲ့အစည်းကြီးဖြစ်ခြင်း။
    NIIT (Myanmar) သည် NIIT မှ တိုက်ရိုက်ပို့ချသော နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများဖြင့်သာ သင်ကြားခြင်း။
    သင်ကြားမှုပိုင်းဆိုင်ရာတွင် အတွေ့အကြုံကြွယ်ဝသော NIIT မှ အသိအမှတ်ပြု ဆရာ/ဆရာမများ ဖြင့် သင်ကြားပေးခြင်း။
    စာသင်ခန်းများတွင် မြန်နှုန်းမြင့် Internet တိုက်ရိုက်ချိတ်ဆက်ထားသော Computer များဖြင့်သာ သင်ကြားခြင်း။
    သင်တန်းများပြီးဆုံးပါက NIIT မှ တိုက်ရိုက်ပေးအပ်သော နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များရရှိခြင်း။
    သက်ဆိုင်ရာနယ်ပယ်အလိုက် ပြည်တွင်း/ပြည်ပ IT Industry တွင် အလုပ်အကိုင်များရရှိနိုင်ခြင်း။