မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် MCF မှ ကြီးမှုးပြီး မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ မှဦးစီးကျင်းပသော International ICT Awards များ နှင့် Competition တွင် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ ပြင်ပလုပ်ငန်းရှင်များ တစ်ကိုယ်တော်ပညာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအကြောင်းဟောပြောပွဲကို ယနေ့ညနေ ၃ နာရီတွင်မြန်မာသတင်းအချက်နည်းပညာတက္ကသိုလ်ဟောပြောခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုဥက္ကဌ။ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဆရာမကြီး ဒေါ်သန်းသန်းတင့် မှ ပြိုင်ပွဲများအကြောင်း အကျယ်တဝံ့ ရှင်းလင်းခဲ့ပြီး မန္တလေးကွန်ပျူတာပါမောက္ခချုပ်။ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် နှင့် ဒုတိယ ပါမောက္ခချုပ်။ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မှ ပါမောက္ခ ဆရာ ဆရာမများ။ နည်းပညာတက္ကသိုလ်  ရတနာပုံ ဆိုက်ဘားစီးတီး မှပါမောက္ခ ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
 
 
 
 
 
 
 
 
 
 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government စနစ်အကောင်အထည်ဖော်ဆောင်ရာတွင် ရှေ့ပြေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပုဂံညောင်ဦးဒေသတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ One Village One product စနစ် အထောက်အကူပြုစေရန် အများပြည်သူသုံး Public Internet Access, ကျေးလက်ဒေသ ICT Utilization  မြှင့်တင်ရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ ကျေးရွာဆိုင်ရာ အချက်အလက်များ စုဆောင်းထားရှိရေးအတွက် Village Database System စသည်တို့ပါဝင်သော e-Bagan အခြေပြု Community ICT Center အကောင်အထည်ဖော်ဆောင်နိုင်စေရန် MCPA မန္တလေးအသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်တွေ့ဆုံခဲ့ကြပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government စနစ်အကောင်အထည်ဖော်ဆောင်ရေးကော်မတီ စတုတ္တအကြိမ်မြောက် အစည်းအဝေး

ICT EXPO 2017 နည်းပညာပြပွဲ၊ ဟောပြောပွဲ နှင့် စျေးရောင်းပွဲတော်ကို Mingalar Mandalay တောင်ဘက်၊မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (MIIT) တွင် မတ်လ ၁၇ ရက် မှ ၁၉ရက်နေ့ထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။

IPA Japan, MCF, MCPA, UCSM, မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းကျင်းပသော ITPEC EXAM အကြောင်းနှင့် IT HR Development, IT Skills Standard, IT Job, Opportunityအကြောင်းဟောပြောပွဲကို မန္တလေးကွန်ပျဓတာတက္ကသိုလ်တွင် ၂.၈.၂၀၁၇ နေ့လည် ၂:၀၀နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။