e-government and smart ICT Work shop ကို (24.12.2016) နေ့တွင်  ရတနာပုံစျေး၊ တတိယထပ် MICT Park တွင် ကျင်းပခဲ့ပါသည်။ 
အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနာယက ဦးလှကောင်း၊ မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဌ ဦးဥက္ကာကျော်၊ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် အလုပ်အမှုဆောင်များ၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများနှင့် ထိုင်၀မ်အခြေစိုက် TDOC အဖွဲ့နှင့် ဆွေးနွေးခဲ့ကြပါသည်။