မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ e-Government စနစ်အကောင်အထည်ဖော်ဆောင်ရာတွင် ရှေ့ပြေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပုဂံညောင်ဦးဒေသတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ One Village One product စနစ် အထောက်အကူပြုစေရန် အများပြည်သူသုံး Public Internet Access, ကျေးလက်ဒေသ ICT Utilization  မြှင့်တင်ရန်နှင့် ကျေးလက်နေ ပြည်သူလူထု၏ ကျေးရွာဆိုင်ရာ အချက်အလက်များ စုဆောင်းထားရှိရေးအတွက် Village Database System စသည်တို့ပါဝင်သော e-Bagan အခြေပြု Community ICT Center အကောင်အထည်ဖော်ဆောင်နိုင်စေရန် MCPA မန္တလေးအသင်း ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အသင်းတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင်တွေ့ဆုံခဲ့ကြပါသည်။