မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် MCF မှ ကြီးမှုးပြီး မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ မှဦးစီးကျင်းပသော International ICT Awards များ နှင့် Competition တွင် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ ပြင်ပလုပ်ငန်းရှင်များ တစ်ကိုယ်တော်ပညာရှင်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအကြောင်းဟောပြောပွဲကို ယနေ့ညနေ ၃ နာရီတွင်မြန်မာသတင်းအချက်နည်းပညာတက္ကသိုလ်ဟောပြောခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုဥက္ကဌ။ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဆရာမကြီး ဒေါ်သန်းသန်းတင့် မှ ပြိုင်ပွဲများအကြောင်း အကျယ်တဝံ့ ရှင်းလင်းခဲ့ပြီး မန္တလေးကွန်ပျူတာပါမောက္ခချုပ်။ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် နှင့် ဒုတိယ ပါမောက္ခချုပ်။ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) မှ ပါမောက္ခ ဆရာ ဆရာမများ။ နည်းပညာတက္ကသိုလ်  ရတနာပုံ ဆိုက်ဘားစီးတီး မှပါမောက္ခ ဆရာ ဆရာမ များ ကျောင်းသား ကျောင်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။