တာဝန်ပြည့်ထမ်းဆောင်ပြီး အမိနေရပ်နိုင်ငံသို့ ပြန်လည်တာ၀န်ထမ်းဆောင်မည့် အိန္ဒိယကောင်စစ်ဝန်ချုပ် Dr.N.Nandakumar အား မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါသည်။

 

မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း သို့ Japan နိုင်ငံ PADECO Co.,Ltd မှ Senior Consultant Mr.Akira AKASAKA နှင့်အဖွဲ့ သည်​ ယနေ့နံနက် ၁၀း၀၀ နာရီအချိန်တွင် အသင်းတာဝန်ရှိသူများနှင့် လာရောက်လေ့လာတွေ့ ဆုံကြပါသည်။

e-government and smart ICT Work shop ကို (24.12.2016) နေ့တွင်  ရတနာပုံစျေး၊ တတိယထပ် MICT Park တွင် ကျင်းပခဲ့ပါသည်။ 
အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော၊ မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနာယက ဦးလှကောင်း၊ မန္တလေးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း ဥက္ကဌ ဦးဥက္ကာကျော်၊ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် အလုပ်အမှုဆောင်များ၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများနှင့် ထိုင်၀မ်အခြေစိုက် TDOC အဖွဲ့နှင့် ဆွေးနွေးခဲ့ကြပါသည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

တတိယ အကြိမ်မြောက် Developer Conference Mandalay 2017 ကို 22.1.2017 နေ့တွင် Mandalay ICT Park တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းကျော်ဇော၊ MCPA နှင့် MCIA မှ အလုပ်အမှုဆောင်များ၊ ဟောပြောပေးကြသော Developer Speaker များ၊ Sponsor ပေးကြသော လုပ်ငန်းရှင်ကြီးများ၊ Event Partner အဖြစ်ကူညီဆောင်ရွက်ပေးကြသော MCIA-MDY, နှင့် Yadanabon Cyber Corporation (YCC) Co.,Ltd.၊ DevCon Committee(MDY)၊ SIDC(MDY) အဖွဲ့နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ Developer များဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

 

 

 

 

 

 

တတိယအကြိမ် Developer Conference Mandalay  ကျင်းပရန်အတွက် အကြိုအစည်းအဝေးပွဲကို (၂၂,၁၂,၂၀၁၆) နေ့တွင် မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာအသင်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။