Activities

အလုပ်အမှုဆောင်အဖွဲ့သည် အသင်း၏ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါ ကော်မတီများ ဖွဲ့စည်းပြီး လစဉ် အစည်းအဝေးပွဲများ ပြုလုပ်လျက် လုပ်ဆောင်လျက်ရှိပါသည်။
- အသင်းသားရေးရာကော်မတီ
- ပြန်ကြားရေးကော်မတီ
- စားမေးပွဲကော်မတီ
- ပညာရေးကော်မတီ
- နည်းပညာကော်မတီ
- ပြိုင်ပွဲကျင်းပရေးကော်မတီ

 

ကွန်ပျူတာပညာရှင်အသင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အောက်ပါ လုပ်ငန်းများကို အစဉ်တစ်စိုက် လုပ်ကိုင်လျက်ရှိပါသည်။

 

  • ကွန်ပျူတာပြပွဲ၊ နည်းပညာပြပွဲများအား ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်း
  • Developer Conference, National ICT Awards နည်းပညာပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း
  • အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များသို့ ဟောပြောပွဲများ၊ Seminar များ ပြုလုပ်ခြင်း။
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရအဖွဲ့၊ တိုင်းအတွင်းရှိ ဌာနဆိုင်ရာများမှ နည်းပညာနှင့် ပတ်သက်၍ လိုအပ်သော အကူအညီများ၊ သင်တန်းများကို ပို့ချပေးခြင်း

 


အောက်ပါစာမေးပွဲများကိုလည်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း နှစ်စဉ်ကျင်းပပေးလျက် ရှိပါသည်။

 

  • MCPA Certified Network Associate (NA) Exam
  • MCPA Certified Professional Associate (NP) Exam
  • IT Passport Exam (IP)
  • Fundamental IT Engineer Exam (FE)
  • Applied IT Engineer Exam (AP)