Membership

STUDENT MEMBER ဝင်ခွင့်ရသူများ

(ဝင်ကြေး - ၁,၅၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၂,၀၀၀ ကျပ်)

  • ကွန်ပျူတာတက္ကသိုလ် နည်းပညာတက္ကသိုလ် (ပထမနှစ်၊ ဒုတိယနှစ်) တက်ရောက်နေသည့် ကျောင်းသား/သူများ။
  •  မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုသည့်ကျောင်း၊ အဖွဲ့အစည်းမှ ဖွင့်လှစ်သော IT Diploma  သင်တန်း၊ International IT Diploma  သင်တန်း တက်ရောက်ဆဲ ကျောင်းသားသူများ။
  • MCPA မှ အသိအမှတ်ပြုထားသည့် သင်တန်းများတွင် IT Professional Course ကို အနည်းဆုံး နာရီ (၁၂၀) တက်ရောက် ပြီးသူများ

 

 

 ASSOCIATE MEMBER ဝင်ခွင့်ရသူများ

(ဝင်ကြေး - ၃,၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၄,၀၀၀ ကျပ်)

ကွန်ပျူတာပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်ပြီး အောက်ပါအရည်အချင်းများအနက် တစ်ခုခုနှင့် ကိုက်ညီလျှင် အသင်းသားရေးရာကော်မတီက လက်ခံစစ်ဆေးပြီ းခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်။

  • International Advanced Diploma (2) Years လက်မှတ် ရရှိထားသူများ
  • International Professional Certificate for Vendors (eg. MCSA, MCSD...) လက်မှတ် ရရှိထားသူများ
  •  မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုသည့် ကျောင်း၊ အဖွဲ့အစည်းမှ ဖွင့်လှစ်သော IT Diploma  အောင်မြင်ပြီးသူများ၊ MCPA မှစစ်ဆေးသော MCPA Exam ကို အောင်မြင်ပြီးသူများ
  • ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့တွင် တတိယနှစ်နှင့် အထက် တက်ရောက်နေသည့် ကျောင်းသား/သူများ။
  • ကွန်ပျူတာပညာရှင်အဖြစ် အနည်းဆုံး (၂)နှစ် လုပ်ကိုင်ခဲ့ကြောင်း ကုမ္ပဏီ (သို့မဟုတ်) AM အသင်းသား (သို့မဟုတ်) PM အသင်းသား (သို့မဟုတ်) မိမိ၏ ဆောင်ရွက်ပေးခဲ့သော၊ ပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုမှ ထောက်ခံစာပါရှိရမည်။

 

 

PROFESSIONAL MEMBER ဝင်ခွင့်ရသူများ

(ဝင်ကြေး - ၄,၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - ၆,၀၀၀ ကျပ်)

ကွန်ပျူတာပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူဖြစ်ပြီး အောက်ပါ အရည်အချင်းများ အနက် တစ်ခုခုနှင့် ကိုက်ညီလျှင် အသင်းသားရေးရာ ကော်မတီက လက်ခံစစ်ဆေးပြီး ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်။

  • AM သက်တမ်း (၂) နှစ် ကြာမြင့်ပြီး ကွန်ပျူတာပညာရှင်အဖြစ် ဆက်လက် လုပ်ကိုင်နေသူများ၊
  • ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စက်မှုတက္ကသိုလ်တို့မှ ဘွဲ့ရပြီး လုပ်သက် (၂) နှစ်ကျော် ရှိသူများ။
  • ကွန်ပျူတာပညာရှင်အဖြစ် အနည်းဆုံး (၃) နှစ်ကြာ လုပ်ကိုင်ခဲ့ကြောင်း ကုမ္ပဏီ (သို့မဟုတ်) PM အသင်းသား (သို့မဟုတ်) မိမိ၏ ဆောင်ရွက်ပေးခဲ့/ပေးလျက် ရှိသော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံစာ ပါရှိရမည်။
  • အသင်း အလုပ်အမှုဆောင် အစည်းအဝေးမှ ဆုံးဖြတ်ချက်ဖြင့် အသင်းအတွက် ကူညီပံ့ပိုးနိုင်သော အရည်အချင်းရှိသူများ။

 

 

FELLOW MEMBER ဝင်ခွင့်ရသူများ

(အဆင့်မြှင့်ကြေး - ၁၀၀,၀၀၀ ကျပ်၊ နှစ်စဉ်ကြေး - မရှိ)

အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် အသင်းသို့ အဆိုပြု လျှောက်ထားနိုင်ပြီး အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးမှ ဆုံးဖြတ်မည်။

  • PM ဖြစ်ပြီး MCPA အသင်းတွင် အလုပ်အမှုဆောင် သက်တမ်းပြည့် (၁) ကြိမ် တာဝန်ထမ်းဆောင်ပြီးသူများ။
  • တက္ကသိုလ်၊ ကောလိပ်များမှ ကွန်ပျူတာဌာနတစ်ခုခု၏ တွဲဖက်ပါမောက္ခ ရာထူးနှင့် အထက် တာဝန်ထမ်းဆောင်ခဲ့သူ/တာဝန်ထမ်းဆောင်နေသူများ။
  • PM သက်တမ်း (၁၀) နှစ်ပြည့်ပြီးသူများ။

 

 

HONORARY MEMBER ဝင်ခွင့်ရသူများ

(ဝင်ကြေး - မရှိ)

  •  မြန်မာနိုင်ငံအတွင်း ကွန်ပျူတာပညာနှင့် အသုံးချမှု ဖွံ့ဖြိုးရေးအတွက် ထူးခြားစွာ ကူညီထောက်ပံ့သ l/ပံ့ပိုးပေးသူ။ (အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပေးအပ်ရန်။)

 

 

 

Category: