ကွန်ပျူတာပညာရှင်အသင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အောက်ပါ လုပ်ငန်းများကို အစဉ်တစ်စိုက် လုပ်ကိုင်လျက်ရှိပါသည်။
- ကွန်ပျူတာပြပွဲ၊ နည်းပညာပြပွဲများအား ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်း
- Developer Conference, National ICT Awards နည်းပညာပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း
- အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များသို့ ဟောပြောပွဲများ၊ Seminar များ ပြုလုပ်ခြင်း။
- ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ အစိုးရအဖွဲ့၊ တိုင်းအတွင်းရှိ ဌာနဆိုင်ရာများမှ နည်းပညာနှင့် ပတ်သက်၍ လိုအပ်သော အကူအညီများ၊ သင်တန်းများကို ပို့ချပေးခြင်း
အောက်ပါစာမေးပွဲများကိုလည်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း နှစ်စဉ်ကျင်းပပေးလျက်ရှိပါသည်။
- MCPA Certified Network Associate (NA) Exam
- MCPA Certified Professional Associate (NP) Exam
- IT Passport Exam (IP)
- Fundamental IT Engineer Exam (FE)
- Applied IT Engineer Exam (AP)